ကရင်နီပြည်နယ်မှာယမန်နေ့၊နေ့လည် ၂နာရီကစတင်ပြီး ဒီးမော့ဆို မြို့နယ်အနောက်ခြမ်းမှာ ဆီတစ်လီတာကို ၃၅၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်အထိ ထက်ဝက်ကျော် စတင်မြင့်တက်လာခဲ့တယ်လို့ ဆိုင်ကယ်ဓာတ်ဆီသွားဖြည့်သူတစ်ဦးက ပြောပါတယ်။ဒီးမော့ဆိုအနောက်ခြမ်းမှာ ဆီစျေးထက်ဝက်ကျော်မြင့်တက်ပြီးတဲ့နောက် ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း ယနေ့ မနက် ၁၀နာရီက ဆီတစ်လီတာကို ၆၀၀၀ ကျပ်ဖြစ်ပြီး ဆီအလုအယက်ဝယ်သူများကြောင့် ဆီဆိုင်များ ဆီပြတ်လပ်တဲ့အထိ ရောင်းချခဲ့ရပြီး ဆီဆိုင်အားလုံးနီးပါး ပိတ်သွားခဲ့တယ်လို့ ဒီးမော့ဆို အရှေ့ခြမ်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။



