back

အနုပညာနဲ့ ဒေသယဉ်ကျေးမှုကြားက အငြင်းပွားဖွယ်ရာထပ်ဖြစ်ပြန်တဲ့ “အောင်ဇမ္ဗူ”အဖွဲ့

Mar 04 • 1:51 PM

breaking-news

Myanmar

Local

cover

အနုပညာနဲ့ ဒေသယဉ်ကျေးမှုကြားက အငြင်းပွားဖွယ်ရာထပ်ဖြစ်ပြန်တဲ့ “အောင်ဇမ္ဗူ”အဖွဲ့

​မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာတွေမှာ အောင်ဇမ္ဗူဇာတ်အဖွဲ့ ရဲ့ ပြက်လုံးအချို့ဟာ ထားဝယ်ဒေသစကားကို လှောင်ပြောင်သလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်...

​မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာတွေမှာ အောင်ဇမ္ဗူဇာတ်အဖွဲ့ ရဲ့ ပြက်လုံးအချို့ဟာ ထားဝယ်ဒေသစကားကို လှောင်ပြောင်သလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာ ပရိသတ်တွေကြား အမြင်နှစ်မျိုး ကွဲပြားနေတာကို တွေ့ရပါတယ်။ဘာသာစကားနဲ့ လေယူလေသိမ်းဆိုတာ ဒေသတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။ ဒါကို ဟာသအဖြစ် အသုံးချတဲ့အခါ "လှောင်ပြောင်ခြင်း" နဲ့ "တင်ဆက်ခြင်း" ကြားက စည်းကို သတိထားဖို့ လိုအပ်တယ်လို့ ဝေဖန်ကြပါတယ်။တစ်ဖက်မှာလည်း "ဒါဟာ အနုပညာဖျော်ဖြေမှုသက်သက်ပဲ၊ အောင်ဇမ္ဗူကို ကျဆုံးစေချင်လို့ တမင်အကွက်ချ တိုက်ခိုက်နေကြတာ" လို့ ယူဆသူတွေလည်း ရှိနေပါတယ်။ လူရွှင်တော်တွေအနေနဲ့ ပရိသတ်ကို ရယ်မောစေဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနေပြီလို့လည်း သူတို့က ထောက်ပြကြပါတယ်။




news-view-count-icon

23