မန္တလေးနှင့် အနီးဝန်းကျင်ဒေသရှိ ကိုယ်ပိုင်ကျောင်းများမှ ဖွင့်လှစ်သည့် နွေရာသီသင်တန်း (Summer Class) များအပေါ် ယခုနှစ်တွင် မိဘနှင့် ကျောင်းသားများ၏ စိတ်ဝင်စားမှု သိသိသာသာ လျော့နည်းနေပြီး ကျောင်းအပ်နှံသူဦးရေမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းနှင့် ကျောက်ဆည်ရှိ ကိုယ်ပိုင်ကျောင်းအချို့ ပြိုကျကာ ကလေးငယ် ၁၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်အပေါ် မိဘများက စိတ်ဒဏ်ရာ (Trauma) နှင့် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အပြင်သင်တန်းများထက် အိမ်မှနေ၍ တက်ရောက်နိုင်သော Online သင်တန်းများကိုသာ ပိုမိုရွေးချယ်လာကြကြောင်း ကျောင်းဖွင့်လှစ်သူများနှင့် မိဘများ၏ ပြောကြားချက်အရ သိရသည်။
Mar 04 • 6:57 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


