အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု နှောင့်နှေးနိုင်သည့်အခြေအနေနှင့်အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ စက်သုံးဆီချွေတာရေး ထုတ်ပြန်ချက်များကြောင့် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များတွင် ယနေ့ (မတ်လ ၄ ရက်) ၌ ကားနှင့် ဆိုင်ကယ်တန်းစီဝယ်ယူသူများ အလွန်များပြားလျက်ရှိကြောင်း သိရသည်။ လာမည့် မတ်လ ၇ ရက်နေ့မှစတင်ကာ ယာဉ်များကို စုံဂဏန်း၊ မဂဏန်းခွဲ၍ လမ်းပေါ်ထွက်ခွင့်ပြုမည့်အပြင် ဆီဆိုင်များတွင်လည်း ထိုစနစ်ဖြင့်သာ ဝယ်ယူရမည်ဟူသော သတင်းများကြောင့် မြို့ခံများမှာ ကြိုတင်စုဆောင်းရန် တန်းစီနေကြခြင်းဖြစ်သည်။ အခြေခံပြည်သူများအနေဖြင့် အလုပ်ခွင်သွားလာရာတွင် အခက်အခဲရှိနိုင်သဖြင့် ဆိုင်ကယ်များအတွက် ဖြေလျှော့ပေးစေလိုကြောင်း တောင်းဆိုမှုများရှိနေပြီး၊ လက်ရှိတွင် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်တို့အပါအဝင် မြို့အနှံ့ရှိ ဆီဆိုင်များ၌ ယာဉ်တန်းရှည်ကြီးများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
| 42 | 0 | 0 | 0 |


