back

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

Mar 04 • 6:29 AM

breaking-news

Myanmar

Naypyidaw

cover

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့၌ အောင...

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ စတုတ္ထအကြိမ်အဖြစ် ဇမ္ဗူသီရိမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးနှင့် ကျောက်ကပ်လှူဒါန်းသူ သားဖြစ်သူကို လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ပျော်ဘွယ်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားနှင့် ကျောက်ကပ်လှူဒါန်းသူ အစ်မဖြစ်သူတို့ကို လည်းကောင်း အသီးသီး ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လူနာများနှင့် အလှူရှင်များအားလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက မတ်လ ၃ ရက်တွင် လူနာများကို သွားရောက်ကြည့်ရှုအားပေးကာ ကျောက်ကပ်အစားထိုးခွဲစိတ်မှုများကို လစဉ် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

16