back

PTT စက်သုံးဆီဆိုင်များအားလုံး ၁၅ ရက်ကြာ စျေးနှုန်းမတက်ရန် သဘောတူ

Mar 04 • 6:26 AM

breaking-news

Thailand

Local News

cover

PTT စက်သုံးဆီဆိုင်များအားလုံး ၁၅ ရက်ကြာ စျေးနှုန်းမတက်ရန် သဘောတူ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကာ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများပြားနေချိန်တွင် ထိုင်းနိုင်ငံရှိ PTT နှင့် OR ကုမ္ပဏီတို့သည် နိ...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကာ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများပြားနေချိန်တွင် ထိုင်းနိုင်ငံရှိ PTT နှင့် OR ကုမ္ပဏီတို့သည် နိုင်ငံတစ်ဝှမ်းရှိ ဆီဆိုင်အားလုံး၌ ဒီဇယ်နှင့် ဂတ်ဆိုဟော (Gasohol) စျေးနှုန်းများကို မတ်လ ၄ ရက်မှစတင်၍ ၁၅ ရက်ကြာ စျေးနှုန်းမတက်ဘဲ ထိန်းထားရန် သဘောတူညီလိုက်ကြောင်း သိရသည်။ ထိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ဒီဇယ်စျေးနှုန်းကို တစ်လီတာလျှင် ၂၉.၉၄ ဘတ်ထက်မပိုစေရန် ကန့်သတ်ထားပြီး၊ ဆီဆိုင်များတွင် ဆီပုံးများ သို့မဟုတ် ဗူးများဖြင့် လာရောက်ဖြည့်တင်းခြင်းကို ယာယီရှောင်ကြဉ်ပေးပါရန် မေတ္တာရပ်ခံထားသည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဂယက်ကြောင့် ထိုင်းနိုင်ငံက ပြည်ပသို့ ဆီတင်ပို့မှုရပ်ဆိုင်းထားသဖြင့် နယ်စပ်နှင့် မြို့ကြီးများရှိ ဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများ ရှိနေသော်လည်း လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်ယာဉ်များအတွက် ဆီဖြည့်တင်းမှုဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16