အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် အဓိကလေဆိပ်ကြီးများ လေးရက်ဆက်တိုက် ပိတ်ထားရကာ အာရှနှင့် ဥရောပအကြား လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာကြောင်း မတ်လ ၃ ရက်နေ့ သတင်းများအရ သိရသည်။ ကမ္ဘာ့အလုပ်အများဆုံးဖြစ်သည့် ဒူဘိုင်းလေဆိပ် အပါအဝင် ပင်လယ်ကွေ့ဒေသ ဝေဟင်လမ်းကြောင်းများ ပိတ်ဆို့သွားသဖြင့် လေကြောင်းလိုင်းများမှာ အခြားလမ်းကြောင်းများမှ ရှောင်ကွင်းပျံသန်းနေရပြီး၊ ခရီးစဉ်ကြာချိန် ပိုမိုလာခြင်းနှင့် လောင်စာဆီဈေး မြင့်တက်ခြင်းတို့ကြောင့် ဆစ်ဒနီ၊ ဟောင်ကောင်နှင့် ဗန်ကောက်မှ လန်ဒန်သို့ ပြေးဆွဲသည့် ခရီးစဉ်များတွင် လက်မှတ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း လေကြောင်းလမ်းများ ပိတ်ထားရပြီး အာရှ-ဥရောပ လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာ
Mar 04 • 6:22 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


