back

ငလျင်လှုပ်ပြီး တစ်နှစ်နီးပါးကြာသည်အထိ မန္တလေးမှလူနေတိုက်ခန်းအချို့ ပြန်ပြင်ဆောက်ခွင့်မရသေး

Mar 04 • 6:58 AM

breaking-news

Myanmar

Mandalay

cover

ငလျင်လှုပ်ပြီး တစ်နှစ်နီးပါးကြာသည်အထိ မန္တလေးမှလူနေတိုက်ခန်းအချို့ ပြန်ပြင်ဆောက်ခွင့်မရသေး

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားခဲ့သော မန္တလေးမြို့ရှိ လူနေတိုက်ခန်းအတွဲပေါင်း ၂၀ ခန့်မှာ တစ်နှစ်ပြည့်တော့မည့်အချိန်...

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပျက်စီးသွားခဲ့သော မန္တလေးမြို့ရှိ လူနေတိုက်ခန်းအတွဲပေါင်း ၂၀ ခန့်မှာ တစ်နှစ်ပြည့်တော့မည့်အချိန်ထိ ပြန်လည်ပြုပြင်ဆောက်လုပ်ခွင့် မရရှိသေးဘဲ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်အပါအဝင် ငလျင်ဒဏ်ကြောင့် နေထိုင်ရန်မသင့်ဟု သတ်မှတ်ခံထားရသည့် တိုက်ခန်းများမှ လူဦးရေ ၁,၀၀၀ ကျော်သည် ယနေ့တိုင် လမ်းဘေးတွင် ယာယီတဲများထိုးကာ နေထိုင်နေကြရပြီး၊ အစိုးရမှ ထောက်ပံ့မည်ဟုဆိုသော တည်ဆောက်ရေးပစ္စည်းများကိုလည်း ရရှိခြင်းမရှိသေးကြောင်း ဘေးသင့်ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။ ငလျင်နှစ်ပတ်လည်ရောက်ရန် တစ်လသာ လိုတော့သော်လည်း လက်ရှိအချိန်ထိ မည်သည့်ထောက်ပံ့မှုနှင့် ခွင့်ပြုမိန့်မျှ မရရှိသေးသည့်အတွက် နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်နည်းပါးနေကြောင်း သိရသည်။

news-view-count-icon

18