ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းသည် လူငယ်နည်းပြ ဖိလစ်ပီလူးဝစ်ကို Madureira အသင်းအား ၈-၀ ဂိုးဖြင့် စံချိန်တင်အနိုင်ယူကာ Campeonato Carioca ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးပြီး နာရီပိုင်းအကြာတွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။ အသက် ၄၀ အရွယ်ရှိ ဖိလစ်ပီလူးဝစ်သည် ဖလာမင်ဂိုအသင်းကို ပွဲပေါင်း ၁၀၀ ကိုင်တွယ်ရာတွင် ပျမ်းမျှ ၁၄ ပွဲလျှင် ဖလားတစ်လုံးနှုန်းဖြင့် ဆုဖလား ၇ လုံးအထိ ရယူပေးထားနိုင်သော်လည်း၊ ၂၀၂၆ ခုနှစ်အတွင်း Supercopa do Brasil နှင့် Recopa Sudamericana ဗိုလ်လုပွဲများတွင် နှစ်ပွဲဆက် အရေးနိမ့်ခဲ့မှုကြောင့် ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် Copa Libertadores ချန်ပီယံဆုကို ကစားသမားဘဝနှင့် နည်းပြဘဝ နှစ်မျိုးလုံးဖြင့် ရယူနိုင်သည့် ၉ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်သည်။
| 16 | 0 | 0 | 0 |


