back

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် သောင်တင်နေသည့် ခရီးသွားများကို ထိုင်းအစိုးရက တစ်ရက်လျှင် ဘတ် ၂,၀၀၀ ထောက်ပံ့ရန် စီစဉ်

Mar 04 • 5:22 AM

breaking-news

Thailand

Local News

cover

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် သောင်တင်နေသည့် ခရီးသွားများကို ထိုင်းအစိုးရက တစ်ရက်လျှင် ဘတ် ၂,၀၀၀ ထောက်ပံ့ရန် စီစဉ်

အရှေ့အလယ်ပိုင်းဒေသ စစ်မီးကူးစက်မှုကြောင့် လေကြောင်းလိုင်းများ ပိတ်ထားရသဖြင့် ထိုင်းနိုင်ငံတွင် အိမ်ပြန်မရဘဲ သောင်တင်နေသည့် နိုင်ငံခြားသားခရီးသွားများကို ကူညီရန်...

အရှေ့အလယ်ပိုင်းဒေသ စစ်မီးကူးစက်မှုကြောင့် လေကြောင်းလိုင်းများ ပိတ်ထားရသဖြင့် ထိုင်းနိုင်ငံတွင် အိမ်ပြန်မရဘဲ သောင်တင်နေသည့် နိုင်ငံခြားသားခရီးသွားများကို ကူညီရန်အတွက် ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက တစ်ရက်လျှင် ဘတ် ၂,၀၀၀ နှုန်းဖြင့် ငွေကြေးထောက်ပံ့ရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါအစီအစဉ်အတွက် ဟိုတယ်လုပ်ငန်းရှင်များနှင့် အရေးပေါ်ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး အခက်အခဲကြုံနေရသည့် ခရီးသွားများအတွက် ဟိုတယ်ခဈေးနှုန်းလျှော့ချပေးရန်နှင့် သက်သာသော ခရီးစဉ်များ စီစဉ်ပေးရန်လည်း တောင်းဆိုထားသည်။ ဤထောက်ပံ့မှုကို အာရပ်နိုင်ငံသား ခရီးသွားအများဆုံးရှိသည့် ဘန်ကောက်၊ ဖူးခတ်နှင့် ချင်းမိုင် အစရှိသည့် မြို့ကြီးများတွင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကာ ဗီဇာသက်တမ်းကုန်ဆုံးမည့်သူများကိုလည်း လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

news-view-count-icon

14