back

ရန်ကုန်မြို့၌အာကာသဆိုင်ရာ ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

Mar 04 • 5:11 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့၌အာကာသဆိုင်ရာ ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ သုံးရက်တိုင် ကျင်းပခဲ့သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့တွင် ကျင်းပခဲ့...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ သုံးရက်တိုင် ကျင်းပခဲ့သည့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဆုများ ချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အခြေခံပညာ အဆင့်အလိုက် "အာကာသသူရဲကောင်း"၊ "စူးစမ်းလေ့လာ အာကာသကမ္ဘာ" နှင့် "အနာဂတ်အာကာသနည်းပညာ" ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅,၇၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစား ၉ မျိုးအတွက် ဆုပေါင်း ၁၁၇ ဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအာကာသအေဂျင်စီမှ ကြီးမှူးကျင်းပသော ဤပြိုင်ပွဲသည် လူငယ်များအကြား အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ စိတ်ဝင်စားမှု မြင့်တက်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲတွင် ထောက်ပံ့ကူညီခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

13