back

မြန်မာ့ပြောင်းဆန် တိုးမြှင့်တင်ပို့ရန် ဖိလစ်ပိုင်နှင့်စာချုပ်ချုပ်ဆို

Mar 04 • 5:15 AM

breaking-news

Myanmar

International

cover

မြန်မာ့ပြောင်းဆန် တိုးမြှင့်တင်ပို့ရန် ဖိလစ်ပိုင်နှင့်စာချုပ်ချုပ်ဆို

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းများကို ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းနှင့် ဖိလစ်ပိုင်...

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းများကို ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းနှင့် ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်းတို့အကြား ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် (MoU) ကို ဖေဖော်ဝါရီလကုန်ပိုင်းက မနီလာမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များ အားကောင်းစေရန် ရည်ရွယ်ပြီး၊ မြန်မာလုပ်ငန်းရှင်များအတွက် ဈေးကွက်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ပြောင်းကို ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ အဓိကတင်ပို့နေပြီး၊ ယခုစာချုပ်ကြောင့် နိုင်ငံတကာချိတ်ဆက်မှုများ ပိုမိုအားကောင်းလာကာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20