မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ဆန်ဈေးနှုန်းတည်ငြိမ်စေရန် အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ရောင်းချပေးနေသည့် အစီအစဉ်တွင် မတ်လအတွက် ဆန်ဈေးနှုန်းများမှာ ယခင်ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်များ ဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ မတ်လအတွင်း ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ၁၄၀,၀၀၀ ကျပ်နှင့် ဧည့်မထ (၁၅ မှတ်) ၅၆,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေပြီး၊ ဇန်နဝါရီလကထက် တစ်အိတ်လျှင် ၄,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးနှုန်းပြောင်းလဲမှုရှိလာခြင်းဖြစ်သည်။ စားသုံးသူများအနေဖြင့် အသင်းချုပ်၏ ဖုန်းနံပါတ်များသို့ SMS သို့မဟုတ် Viber မှတစ်ဆင့် မှာယူနိုင်ပြီး KBZ Pay ဖြင့် ငွေပေးသွင်းကာ ရုံးဖွင့်ရက် (၃) ရက်အတွင်း Delivery အခမဲ့ဖြင့် အိမ်အရောက် ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုကို ဆက်လက်ရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
| 18 | 0 | 0 | 0 |


