မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ရွှေတင့်ထူးစိုက်ပျိုးမွေးမြူရေးဇုန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် ဥစားကြက်မွေးမြူရေးခြံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုမှ သိရသည်။ လက်ရှိတွင် ကြက်အကောင်ရေ ၁ သောင်းကျော်ရှိသည့် မွေးမြူရေးခြံ (၆) ခြံမှ တစ်ရက်လျှင် ကြက်ဥအလုံးရေ ၉၀၀၀ ကျော် ထွက်ရှိနေပြီး မကွေးဈေးကွက်အတွင်း၌ ကြက်ဥတစ်လုံးလျှင် ၃၈၀ ကျပ်မှ ၄၀၀ ကျပ်အထိ အရွယ်အစားအလိုက် ရောင်းချပေးလျက်ရှိသည်။ အဆိုပါမွေးမြူရေးဇုန်ကို နိုင်ငံတော်အဆင့် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖော်ဆောင်နေခြင်းဖြစ်ပြီး ဥစားကြက်များအပြင် ဝက်၊ ငါး မွေးမြူရေးနှင့် အထွက်တိုးစပါး စိုက်ပျိုးထုတ်လုပ်မှုများကိုပါ ဟန်ချက်ညီညီ တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။



