ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက တရားဝင်ကြေညာလိုက်ပြီး ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောမှန်သမျှကို မီးရှို့ဖျက်ဆီးပစ်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပြင်းထန်စွာ သတိပေးလိုက်သည်။ အီရန်-အစ္စရေး ပဋိပက္ခများအတွင်း ရေနံတင်လမ်းကြောင်း၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ပိတ်ဆို့မှု ထွက်ပေါ်လာခြင်းဖြစ်ကာ ဒေသတွင်းမှ ရေနံတစ်စက်မျှ အပြင်သို့ ပေးမထွက်တော့ကြောင်း IRGC တပ်မှူး ဗိုလ်ချုပ် ဂျက်ဘာရီက ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်အနေဖြင့် ရေလက်ကြားကို အမှန်တကယ် ပိတ်ဆို့နိုင်ခြင်း ရှိ၊ မရှိအပေါ် ဆန်းစစ်သူများက သံသယရှိနေကြပြီး၊ အမေရိကန်ကမူ လက်ရှိစစ်ပွဲအတွင်း အီရန်စစ်သင်္ဘော ၁၁ စင်းကို ဖျက်ဆီးထားပြီးဖြစ်ကြောင်းနှင့် ရေလက်ကြားပိတ်ဆို့မှုအပေါ် အပြင်းအထန် တုံ့ပြန်လာနိုင်ကြောင်း ဖော်ပြထားသည်။
| 17 | 0 | 0 | 0 |


