မတ်လ ၃ ရက် ညပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ၂၀၂၆ ခုနှစ်၏ ပထမဆုံး လအပြည့်ကြတ်မှုဖြစ်စဉ်တွင် လ၏အရောင်သည် ပိုမိုနီမြန်းသော "Blood Moon" အဖြစ် ပြောင်းလဲသွားသည့် အံ့ချီးဖွယ်မြင်ကွင်းကို ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်အတူ မြန်မာနိုင်ငံသားများ ကြည်ညိုသပ္ပာယ်စွာ မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ လအပြည့်ကြတ်မှုကို မြန်မာနိုင်ငံအပါအဝင် အာရှ၊ ဩစတြေးလျနှင့် အမေရိကတိုက်ကြီးများမှလည်း တစ်ပြိုင်နက်တည်း မြင်တွေ့ခဲ့ရပြီး၊ ကောင်းကင်ယံ၌ နီမြန်းသော လမင်းကြီးနှင့် ရွှေရောင်ဝင်းပနေသော စေတီတော်မြတ်ကြီးတို့ ပေါင်းစပ်သွားသည့် ထူးခြားသော မြင်ကွင်းမှာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ရေပန်းစားလျက်ရှိသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်အတူ Blood Moon လအပြည့်ကြတ်သည့် မြင်ကွင်းကို ထင်ရှားစွာမြင်တွေ့ရ
Mar 04 • 3:44 AM
Myanmar
Yangon
Share
| 1k | 0 | 0 | 0 |


