back

စက်သုံးဆီခြိုးခြံချွေတာရန် မတ်လ ၇ ရက်မှစ၍ ပုဂ္ဂလိကယာဉ်များကို စုံ/မ ရက်သတ်မှတ်ချက်ဖြင့် မောင်းနှင်ရန် ထုတ်ပြန်

Mar 04 • 3:43 AM

breaking-news

Myanmar

Local

cover

စက်သုံးဆီခြိုးခြံချွေတာရန် မတ်လ ၇ ရက်မှစ၍ ပုဂ္ဂလိကယာဉ်များကို စုံ/မ ရက်သတ်မှတ်ချက်ဖြင့် မောင်းနှင်ရန် ထုတ်ပြန်

ကမ္ဘာ့အရေးနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စက်သုံးဆီတင်သွင်းမှု လမ်းကြောင်းများတွင် အဟန့်အတားများဖြစ်ပေါ်နေသဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပုဂ္ဂလိ...

ကမ္ဘာ့အရေးနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် စက်သုံးဆီတင်သွင်းမှု လမ်းကြောင်းများတွင် အဟန့်အတားများဖြစ်ပေါ်နေသဖြင့် စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ပုဂ္ဂလိကပိုင်ယာဉ်များကို မတ်လ ၇ ရက်မှစတင်ကာ စုံ/မ ရက်အလိုက် ကန့်သတ်မောင်းနှင်ရမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက် တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါသတ်မှတ်ချက်အရ လစဉ် "စုံ" ရက်များတွင် စုံနံပါတ်ပါသောယာဉ်များနှင့် "မ" ရက်များတွင် မနံပါတ်ပါသောယာဉ်များကိုသာ မောင်းနှင်ခွင့်ပြုမည်ဖြစ်သော်လည်း EV ယာဉ်များ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ် (YBS/Bus)၊ အငှားယာဉ် (Taxi)၊ လူနာတင်ယာဉ်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များကိုမူ ကင်းလွတ်ခွင့်ပြု၍ နေ့စဉ်အသုံးပြုနိုင်မည်ဖြစ်သည်။ စက်သုံးဆီများ ဝယ်ယူစုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများကို လုံးဝမပြုလုပ်ရန် သတိပေးထားပြီး၊ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

57