back

အသံတိတ်အသက်အန္တရာယ်ခြိမ်းခြောက်လာသည့် နီပါဗိုင်းရပ်စ်

Mar 04 • 3:57 AM

breaking-news

Myanmar

Local

breaking-news
cover

အသံတိတ်အသက်အန္တရာယ်ခြိမ်းခြောက်လာသည့် နီပါဗိုင်းရပ်စ်

နီပါဗိုင်းရပ်စ်က တောင်အာရှနဲ့ အရှေ့တောင်အာရှတို့မှာ ကျန်းမာရေးအန္တရာယ်ကြီးအဖြစ် ထွက်ပေါ်လာပြီး အသက်ဆုံးပါးနိုင်ခြေ မြင့်မားကာ လူသားချင်း ကူးစက်နိုင်ခြေ ရှိပါတယ...

နီပါဗိုင်းရပ်စ်က တောင်အာရှနဲ့ အရှေ့တောင်အာရှတို့မှာ ကျန်းမာရေးအန္တရာယ်ကြီးအဖြစ် ထွက်ပေါ်လာပြီး အသက်ဆုံးပါးနိုင်ခြေ မြင့်မားကာ လူသားချင်း ကူးစက်နိုင်ခြေ ရှိပါတယ်။ နီပါဗိုင်းရပ်စ်က Paramyxoviridae မျိုးနွယ် ဟန်နီပါဗိုင်းရပ်စ် မျိုးစိတ်ဖြစ်ပြီး အသီးစားလင်းနို့တွေ သယ်ဆောင်ထားကြပါတယ်။ ရောဂါပိုးရှိနေတဲ့ အသီးစားလင်းနို့တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ လင်းနို့အညစ်အကြေးတွေ ထိတွေ့ထားတဲ့ အစားအစာများ စားမိခြင်း၊ ရောဂါကူးစက်နေတဲ့ တိရိစ္ဆာန်များနဲ့ ထိတွေ့ခြင်း၊ လူသားချင်း ခန္ဓာကိုယ်တွင်းအရည်များမှတဆင့် ကူးစက်ခြင်းတို့ကနေ နီပါဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။ ရောဂါအစပျိုးချိန်က ၄ ရက်မှ ၁၄ ရက်ကြားအတွင်း ဖြစ်ပြီး ၄၅ ရက်အထိ ကြာရှည်နိုင်ကာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အချို့လူနာတွေမှာ အသက်ရှူပြဿနာများ ဖြစ်နိုင်ပါတယ်။

news-view-count-icon

35