ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်သည် လွန်ခဲ့သည့်နှစ်များစွာကတည်းက အီရန်နိုင်ငံ၏ ယာဉ်ကြောပိတ်ဆို့မှုပြ ကင်မရာများကို Hack ထားနိုင်ခဲ့ခြင်းကြောင့် တီဟီရန်မြို့အား ဂျေရုဆလင်မြို့ကဲ့သို့ နေရာလွတ်မကျန် သိထားခဲ့ကြောင်း မော့ဆက် အရာရှိ တစ်ဦးက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။မတ်လ ၁ ရက်နေ့က အီရန်ခေါင်းဆောင် ခါမီနီသည် တီဟီရန်မြို့ရှိ နေထိုင်ရာ နန်းတော်တွင် လက်ပါးစေများနှင့် မနက်ပိုင်း စစ်ရေးအခြေအနေတိုင်ပင်နေချိန် စက္ကန့် ၃၀ အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် နန်းတော်ကြီးမှာ ကျင်းချိုင့်ကြီးအဖြစ် ချက်ချင်းပြောင်းသွားခဲ့ပြီး ခါမီနီလင်မယား၊ သမီး၊ သားမက်နှင့်မြေးများအပါ စစ်ရေးအကြီးအကဲ ၄၈ ယောက် သေဆုံးခဲ့ရသည်။ ခါမီနီသည် ဗင်နီဇွဲလားသမ္မတ မာဂျူရိုအား အမေရိကန်ဝင်ဖမ်းသလို ညဘက်မှ စစ်ဆင်ရေးစမည်ထင် ခဲ့ချိန် မော့ဆက်နှင့် CIA တို့ ပူးပေါင်းသတင်းထောက်လှမ်းရယူမှုကြောင့် နေ့ခင်းဘက်ကတည်းက လက်ဦးမှုယူကာ တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။Pasteur လမ်းပေါ်မှ ခါမီနီနန်းတော်ကို အချိန်ကိုက် တိုက်ခိုက်မှုအကြောင်း မော့ဆက်အဖွဲ့ အရာရှိ တစ်ဦးက Financial Times သို့ ပြော သွားရာတွင် ခါမီနီအတွင်းပိုင်းအသိုင်းအဝိုင်းထဲအထိ စပိုင်များ စေလွှတ်ထားသည်မှာကြာခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် တီဟီရန်ကို ဂျေရုဆလင်အား သိသည့်အလား အားလုံးသိကြောင်း၊ တီဟီရန်မြို့ရှိ လမ်းများပေါ်မှ ကင်မရာများအားလုံးကို Hack ထားကာ တဲလ်အဗစ်နှင့် အစ္စရေးတောင်ပိုင်းတို့သို့ ပုံရိပ်များ အဆက်မပြတ် ဖမ်းယူကာပို့ဆောင်နေသဖြင့် ခါမီနီ နှင့် ၎င်း၏ သက်တော်စောင့်များမည်သို့သွားလာကာ မည်သည့်နေရာရောက်နေကြောင်းကို သိရှိကြောင်း ပြောသည်။ တစ်ဦးချင်စီ၏ ကားများ မည်သည့်နေရာတွင် ပါကင်ထိုးထားသနည်းဆိုသည်ကိုလည်းကောင်း၊ ယခင်က မည်သူများက ခါမီနီအသက်ကိုစောင့်ရှောက်ပြီး ယခုမည်သူများကစောင့်ရှောက်နေသည်ကို မျက်ခြေမပြတ်ဘဲ သိထားသဖြင့် လွယ်ကူစွာလုပ်ကြံနိုင်ခဲ့ကြောင်း မော့ဆက်အရာရှိက ပြောသည်။
ထိုမျှမက Pasteur လမ်းအနီး မိုဘိုင်းဖုန်းတာဝါတိုင် ဒါဇင်ချီကို အလုပ်ရှုပ်စေပြီး ခါမီနီအတွက် လုံခြုံရေးအရေးပေါ် သတိပေးချက်များမရောက်နိုင်စေရန် လည်း ပိတ်ပင်နိုင်ခဲ့သဖြင့် အီရန်အား ၃၆ နှစ်ကြာ မတရားအုပ်ချုပ်ခဲ့သည့် ခါမီနီဇာတ်သိမ်းရခြင်းဖြစ် သည်ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။



