back

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံရ

Mar 04 • 2:50 AM

breaking-news

Myanmar

International

cover

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံရ

ဆော်ဒီအာရေဗျနိုင်ငံ ရီယဒ်မြို့ရှိ အမေရိကန်သံရုံးကို အီရန်နိုင်ငံကမောင်းသူမဲ့လေယာဉ် နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံရုံးအဆောက်အအုံ အနည...

ဆော်ဒီအာရေဗျနိုင်ငံ ရီယဒ်မြို့ရှိ အမေရိကန်သံရုံးကို အီရန်နိုင်ငံကမောင်းသူမဲ့လေယာဉ် နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံရုံးအဆောက်အအုံ အနည်းငယ် ပျက်စီးခဲ့ရကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေ ဖြင့် အီရန်နိုင်ငံက ပင်လယ်ကွေ့အာရပ်နိုင်ငံများကို ဒုံးကျည်များ၊ မောင်းသူမဲ့ လေယာဉ် များနှင့် တိုက်ခိုက်နေချိန်တွင် ရီယဒ်မြို့တော်ရှိ အမေရိကန်သံရုံးလည်း တိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်သည်။အမေရိကန်သံရုံး မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိခဲ့ကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်သံရုံးအတွင်း နံနက်ပိုင်း လူသူရှင်းနေချိန်တွင် အီရန်မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သည် ပြည်ပသံရုံးများကိုလက်ခံနေရာပေးထားသော ရီယဒ်မြို့တော် သံတမန်ရပ်ကွက်၌ တည်ရှိသည်။




news-view-count-icon

17