back

အီရန်ရဲ့အမြင့်ဆုံး ခေါင်းဆောင်သစ် အဖြစ် မိုရ်တာဘာ ခါမေနီ ကိုခန့်အပ်

Mar 04 • 2:43 AM

breaking-news

Myanmar

International

cover

အီရန်ရဲ့အမြင့်ဆုံး ခေါင်းဆောင်သစ် အဖြစ် မိုရ်တာဘာ ခါမေနီ ကိုခန့်အပ်

အီရန်အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ သေဆုံးပြီး နောက်မှာ သူ့ရဲ့ သားဖြစ်သူ မိုရ်တာဘာ ခါမေနီ ကို ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အီရန်...

အီရန်အမြင့်ဆုံးခေါင်းဆောင် အာယာတိုလာ အလီ ခါမေနီ သေဆုံးပြီး နောက်မှာ သူ့ရဲ့ သားဖြစ်သူ မိုရ်တာဘာ ခါမေနီ ကို ခေါင်းဆောင်သစ် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အီရန် မီဒီယာတွေကနေ ထုတ်ပြန် ကြေညာလိုက်ပါတယ်။အလီ ခါမေနီ ရဲ့ ဒုတိယမြောက် အကြီးဆုံးသားဖြစ်သူ မိုရ်တာဘာ ခါမေနီ ကို အီရန်နိုင်ငံရဲ့ နောက်ထပ် အမြင့်ဆုံးခေါင်းဆောင်အဖြစ် အီရန် ပညာရှင် များ အဖွဲ့ Assembly of Experts က ရွေးချယ် တင်မြှောက်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အလီ ခါမေနီ သေဆုံးခဲ့ပြီး နောက် သူ့နေရာ ဆက်ခံမယ့်သူ တဦးကို ခန့်အပ်ဖို့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC က Assembly of Experts အဖွဲ့အပေါ် ဖိအားပေးခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ခါမေနီရဲ့ ဒုတိယမြောက်သားဖြစ်သူ မိုရ်တာဘာ ခါမေနီဟာ သူ့ရဲ့ဖခင်လိုဘဲ အီရန်ရဲ့ သဘောထားတင်းမာသော ရှေးရိုးစွဲအုပ်စုနှင့် တသားတည်းရှိသူအဖြစ် သတ်မှတ်ခံထားရပြီး အီရန်နိုင်ငံအတွင်းရှိ အစိုးရဆန့်ကျင်သူများကို နှိမ်နင်းခြင်းနှင့် ပြင်ပရန်သူများအပေါ် ပြင်းထန်သောမူဝါဒများ ကျင့်သုံးခြင်းတို့ကို လူသိရှင်ကြား ထောက်ခံခဲ့သူဖြစ်ပါတယ်။

news-view-count-icon

29