အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကုန်ကျစရိတ်မြင့်တက်လာမှုကို အကြောင်းပြ၍ ထိုင်းနိုင်ငံရှိ Shell (Thailand) ကုမ္ပဏီသည် ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ ဂက်ဆိုဟော (Gasohol) ကို တစ်လီတာလျှင် ၁.၅၀ ဘတ်နှင့် ဒီဇယ်ကို ၄.၂၀ ဘတ်အထိ ဈေးနှုန်းမြှင့်တင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အခြားစက်သုံးဆီအရောင်းကိုယ်စားလှယ်ကြီးများဖြစ်သည့် OR၊ Bangchak နှင့် PTG တို့ကမူ စားသုံးသူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ဈေးနှုန်းများကို မပြောင်းလဲဘဲ တတ်နိုင်သမျှ အကြာဆုံး ထိန်းထားမည်ဟု ထုတ်ပြန်ထားသည်။ လက်ရှိတွင် အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးကူးစက်နေမှုကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်သွားပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာအပါအဝင် ပြည်ပသို့ လောင်စာဆီတင်ပို့မှုများကို ရပ်ဆိုင်းမည်ဟုလည်း ကြေညာထားကြောင်း သိရသည်။
Mar 03 • 7:55 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


