ယနေ့ ကျရောက်သည့် တရုတ်နိုင်ငံ၏ မုန့်လုံးရေပေါ်ပွဲတော် (Lantern Festival) တွင် တရုတ်နိုင်ငံတစ်ဝန်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းများနှင့် ရိုးရာပစ္စည်းအမျိုးမျိုးကို ခမ်းနားစွာ ပြသလျက်ရှိရာ ပြည်သူများက ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ပတ်ဝန်းကျင်တွင် တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရကို ခံစားရင်း ပွဲတော်ကို ဆင်နွှဲနေကြသည်။ ပွဲတော်နီးကပ်လာသည်နှင့်အမျှ ဒေသအသီးသီးတွင် ရိုးရာအလှတရားများဖြင့် ပြည့်နှက်နေပြီး ပြည်သူများသည် မိသားစုအလိုက် စုပေါင်းကာ မုန့်လုံးရေပေါ်များ စားသုံးခြင်း၊ မီးပုံးများထွန်းညှိခြင်းနှင့် ရိုးရာအကအလှများကို ကြည့်ရှုခြင်းဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းနေကြကြောင်း သိရသည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ရှေးဟောင်းရိုးရာဓလေ့များဖြင့် မုန့်လုံးရေပေါ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ
Mar 03 • 7:54 AM
China
Local News
Share
| 4 | 0 | 0 | 0 |


