အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံက မြန်မာအပါအဝင် ပြည်ပသို့ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းမည်ဟု ကြေညာလိုက်ပြီးနောက် ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် မြဝတီမြို့ရှိ စက်သုံးဆီဆိုင်များ၌ ကားနှင့် ဆိုင်ကယ်များ တန်းစီဝယ်ယူနေကြကြောင်း သိရသည်။ မဲဆောက်မြို့ရှိ ဆီဆိုင်များတွင် မြန်မာလိုင်စင်ဖြင့် မော်တော်ယာဉ်များပါ တန်းစီနေကြပြီး၊ အစ္စရေးနှင့် အီရန်တို့အကြား စစ်မီးကူးစက်နေမှုကြောင့် ဆီတင်သွင်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်သွားသည့် နောက်ဆက်တွဲအခြေအနေများကြောင့် ယခုကဲ့သို့ စိုးရိမ်တကြီး ဝယ်ယူမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းမည့်သတင်းကြောင့် မဲဆောက်နှင့် မြဝတီရှိ ဆီဆိုင်များတွင် ယာဉ်များတန်းစီဝယ်ယူနေ
Mar 03 • 7:51 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


