back

တာချီလိတ်တွင် စက်သုံးဆီများ ပုံမှန်ဝင်ရောက်နေ၍ ဆီပြတ်တောက်မည်ကို စိုးရိမ်စရာမရှိဟုဆို

Mar 03 • 7:49 AM

breaking-news

Myanmar

International

cover

တာချီလိတ်တွင် စက်သုံးဆီများ ပုံမှန်ဝင်ရောက်နေ၍ ဆီပြတ်တောက်မည်ကို စိုးရိမ်စရာမရှိဟုဆို

ထိုင်းအစိုးရက အိမ်နီးချင်းနိုင်ငံများသို့ စက်သုံးဆီရောင်းချမှု ကန့်သတ်လိုက်သည်ဆိုသည့် သတင်းများကြောင့် တာချီလိတ်ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသော်လည်...

ထိုင်းအစိုးရက အိမ်နီးချင်းနိုင်ငံများသို့ စက်သုံးဆီရောင်းချမှု ကန့်သတ်လိုက်သည်ဆိုသည့် သတင်းများကြောင့် တာချီလိတ်ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေသော်လည်း၊ လက်ရှိတွင် စက်သုံးဆီများ ပုံမှန်ဝင်ရောက်နေသဖြင့် ပြတ်တောက်ရန် အကြောင်းမရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောကြားလိုက်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တင်သွင်းနေသည့် ဆီများသည် စင်ကာပူနိုင်ငံမှတစ်ဆင့် ဝယ်ယူကာ ထိုင်းနိုင်ငံကို ဖြတ်သန်းသယ်ယူခြင်းသာ ဖြစ်သောကြောင့် ထိုင်းနိုင်ငံ၏ ပြည်တွင်းဆီကန့်သတ်ချက်မှာ တိုက်ရိုက်သက်ရောက်မှုမရှိဘဲ၊ အများပြည်သူအနေဖြင့် စိုးရိမ်တကြီး ပြုံတိုးဝယ်ယူခြင်းမပြုရန် လုပ်ငန်းရှင်များက တိုက်တွန်းထားသည်။ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ၎င်းတို့နိုင်ငံအတွင်း၌ ရက်ပေါင်း ၆၀ စာအတွက် အရံစက်သုံးဆီ လီတာသန်းပေါင်း ၇,၆၆၀ ခန့် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

news-view-count-icon

19