အီရန်နှင့် အမေရိကန်–အစ္စရေးတို့၏ စစ်ပွဲ ကျယ်ပြန့်လာသည်နှင့်အမျှ တနင်္လာနေ့မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံသား ရာပေါင်းများစွာသည် နယ်စပ်ဖြတ်ကျော်ကာ တူရကီနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း Reuters သတင်းထောက်တစ်ဦးက တွေ့မြင်ခဲ့ပြီး ဝင်ရောက်လာသူများက တီဟီရန်တွင် ကြောက်ရွံ့မှုများရှိနေပြီး ဆီဆိုင်များတွင် တန်းစီနေမှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်။မနက်ပိုင်းတွင် တူရကီအစိုးရက တူရကီ–အီရန် တူရကီ-အီရန် နယ်စပ်ဂိတ်သုံးခုတွင် တစ်ရက်တာ ခရီးသည်ဖြတ်ကျော်မှုများကို အပြန်အလှန်ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီး တူရကီနိုင်ငံသားများနှင့် တတိယနိုင်ငံသားများကိုသာ ဝင်ရောက်ခွင့်ပြုခဲ့သည်။ တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံသားအချို့ တူရကီသို့ ဖြတ်ကျော်ဝင်ရောက်ခြင်းမှ တားဆီးခံရကြောင်း ခရီးသွားများက Reuters သို့ ပြောကြားခဲ့သည်။တနင်္လာနေ့မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံသားများသည် အီရန်ဘက်ရှိ နှင်းဖုံးနေသည့် တောင် ကုန်းများကို နောက်ခံထားသည့် တူရကီဘက်ရှိ ကာပီကွိုင်းနယ်စပ်ဂိတ်မှ တစ်ဆင့် တူရကီနိုင်ငံသို့ ဝင်ရောက် လာခဲ့ကြသည်။ “တီဟီရန်မှာ အခြေအနေက ခက်ခဲနေပါပြီ” ဟု အီရန်မြို့တော်မှ လာသည့် အမျိုးသား တစ်ဦးကဆိုပြီး ၎င်း၏အမည်မဖော်လိုသော်လည်း ၎င်း၏ဇနီးနှင့် ကလေးများသည် အစ္စတန်ဘူလ်တွင် ရှိနေကြောင်း ပြော ကြားခဲ့သည်။ သူက စစ်ပွဲစတင်သည့် ပထမနေ့တွင် တီဟီရန်တွင် အိမ်သုံးပစ္စည်းများ ဝယ်ယူခဲ့သော်လည်း ဆိုင်များတွင် လူများစွာ စုပြုံနေကြောင်း ပြောကြားခဲ့သည်။တူရကီနယ်စပ်အနီးရှိ ကွာဇာဗင်ဒေသမှ အီရန်အဇာရီ လူမျိုးဖြစ်သူ ဘင်နာလီကီလစ်စ်က ၎င်းဒေသတွင် နေထိုင်မှုများသည် ပုံမှန်အတိုင်း ဆက်လက်ရှိနေသော်လည်း စစ်ဘက်ဆိုင်ရာ နေရာတွေမှာ ဗုံးကြဲတိုက်ခိုက် မှု တွေ အဆက်မပြတ် ဖြစ်ပွားခဲ့တာကြောင့် လူများ၏ နေထိုင်မှုကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။အစောပိုင်းတွင် တူရကီ ကုန်သွယ်ရေးဝန်ကြီးအိုမာဘိုလတ်က အီရန်အစိုးရသည် သူ့ရဲ့နိုင်ငံသားတွေကို တူရကီကနေတစ်ဆင့် အီရန်ကို ဝင်ရောက်ခွင့်ပြုနေတယ်လို့ ပြောကြားခဲ့ပြီး နယ်စပ်ဂိတ် ၃ ခုလုံးတွင် ကုန်တင် ယာဉ်သယ်ယူပို့ဆောင်မှုများကို ထိန်းချုပ်မှုအောက်တွင် ဆက်လက်ခွင့်ပြုထားကြောင်း ဆိုသည်။“တူရကီ၏ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုများနှင့် ကုန်သွယ်ရေးစီးဆင်းမှုတွေ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ဌာနအားလုံးသည် အမြင့်ဆုံး သတိထားသည့်အဆင့်ဖြင့် တာဝန်ထမ်း ဆောင်နေကြပါသည်” ဟု ဘိုလတ်က ပြောကြားခဲ့သည်။



