back

ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများထုတ် လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန် ကြီးမှာကြား

Mar 03 • 8:24 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများထုတ် လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် ပြည်ထောင်စုဝန် ကြီးမှာကြား

ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar ...

ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Motor Corporation Public Co., Ltd. မှ ISSUZU အမှတ်တံဆိပ်မော်တော်ယာဉ်များကို SKD စနစ်ဖြင့်ကိုယ်ထည်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား မတ် ၂ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။မော်တော်ယာဉ်ကိုယ်ထည်တပ်ဆင်ပါက ထုတ်လုပ်မည့်မော်တော်ယာဉ်များ၏ ဘောင်များတည်ဆောက်ပုံ၊ မောင်းနှင်အသုံးပြုချိန်တွင် ဖြစ်ပေါ်လာမည့် ကွေးညွတ်မှု၊ ဒ-ဏ်အားသက်ရောက်မှု၊ ဒြပ်စွဲအားတည်နေရာပြောင်းလဲမှုတို့ကို သီအိုရီအရတွက်ချက်၍ မော်တော်ယာဉ်၏ တည်ငြိမ်မှုကိုရရှိနိုင်အောင်စီမံဆောင်ရွက်ရန်မှာကြားသည်။


news-view-count-icon

37