back

ယူ-၁၆ မျိုးဆက်သစ် လူငယ်ကစားသမားရွေးချယ်ပွဲ မွန်နှင့် ကရင်ပြည်နယ်ကစားသမား (၁၀၀)ဦးကျော် ဝင်ရောက်ရွေးချယ်ခံခဲ့

Mar 03 • 7:17 AM

breaking-news

Myanmar

Local

breaking-news
cover

ယူ-၁၆ မျိုးဆက်သစ် လူငယ်ကစားသမားရွေးချယ်ပွဲ မွန်နှင့် ကရင်ပြည်နယ်ကစားသမား (၁၀၀)ဦးကျော် ဝင်ရောက်ရွေးချယ်ခံခဲ့

ယူ-၁၆ မျိုးဆက်သစ် လူငယ်ကစားသမားရွေးချယ်ပွဲတွင် မွန်နှင့် ကရင်ပြည်နယ်မှ ကစားသမား (၁၇၃)ဦး ဝင်ရောက်ရွေးချယ်ခံခဲ့ကြကြောင်း မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။အ...

ယူ-၁၆ မျိုးဆက်သစ် လူငယ်ကစားသမားရွေးချယ်ပွဲတွင် မွန်နှင့် ကရင်ပြည်နယ်မှ ကစားသမား (၁၇၃)ဦး ဝင်ရောက်ရွေးချယ်ခံခဲ့ကြကြောင်း မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။အဆိုပါ ရွေးချယ်ပွဲကို မတ်လ(၁)ရက်မှစတင်ကာ ပထမအဆင့် ရွေးချယ်နေခြင်းဖြစ်ပြီး မွန်ပြည်နယ်မှ (၁၅၈)ဦးနှင့် ကရင်ပြည်နယ်မှ (၁၅)ဦး လာရောက်အရွေးချယ်ခဲ့ကြကြောင်း သိရသည်။ရွေးချယ်ရာတွင် ကင်းထောက်အဖွဲ့ (Scouting Staff)များဖြစ်သော ဦးစိုးမြတ်မင်း၊ ဦးအောင်ဇော်မျိုး နှင့် ဦးမင်းမင်းထွန်းတို့မှ လူငယ်မျိုးဆက်သစ် ကစားသမားများကို စိစစ်ရွေးချယ်ခြင်းဖြစ်သည်။မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) သည် နိုင်ငံတကာပြိုင် ပွဲများ ယှဉ်ပြိုင်မည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် ကစားသမားကောင်းများ ပေါ်ထွက်လာရေးအတွက် ယူ -၁၆ မျိုးဆက်သစ် ကစားသမားရွေးချယ်မှုများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရွေးချယ်နေကြခြင်းဖြစ်သည်။


news-view-count-icon

30