နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျွန်းတက်ပဲ့ကျေးရွာအုပ်စုနှင့် ကြာပင်ကျေးရွာအုပ်စုတို့တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွင်း နွေစပါးရာသီမှာပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးဇုန် (Rice Export Zone) အဖြစ် ဧက ၅၀၀ စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။လက်ရှိမှာ ပြည်တွင်းစားသုံးမှုအတွက် ဆန်စားရေရိက္ခာဖူလုံစေရန်၊ ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်စေရန်နှင့် မျိုးကောင်းမျိုးသန့်အရေအသွေးကောင်းဆန်များကို နိုင်ငံတကာဈေးကွက်သို့တင်ပို့ ရောင်းချနိုင်ရန် မူဝါဒများချမှတ်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ၎င်းဦးစီးဌာနမှ သိရပါတယ်။
နိုင်ငံတော်က တစ်ဧကကိုကျပ်နှစ်သိန်းခွဲနဲ့ ညီမျှတဲ့သွင်းအားစုကွန်ပေါင်းတစ်အိတ်၊ ပုလဲဓာတ်မြေဩဇာတစ် အိတ်တို့ကိုအသုံးပြုဖို့ အတိုးမဲ့ဆောင်ရွက်ပေးထားပါတယ်။ သက်ဆိုင်ရာကုမ္ပဏီကလည်းတစ်ဧကကိုကျပ် ၂သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ်အဖြစ်ထုတ်ချေးပေးထားပြီး စပါးပေါ်ချိန်မှာပေါက်ဈေးဖြင့် ဝယ်ယူသွားမှာဖြစ်ပါတယ်”လို့ အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အဆိုပါ Rice Export Zone ကို တောင်သူ ၁၄၁ ဦးဖြင့် ဧက ၅၀၀ စိုက်ပျိုးထုတ်လုပ်မှာဖြစ်ပြီး စိုက်ပျိုးရန် တောင်သူများအကြိုက် နှံကောက်၊အောင်နိုင်တိုးနှင့် GW-11 မျိုး၃မျိုးကိုပေးထားပြီးဖြစ်တဲ့အတွက် ကြိုက်နှစ်သက်ရာမျိုးတစ်မျိုးလျှင် ဧက ၅၀ တစ်ကွင်း တဆက်တည်းစိုက်ပျိုးထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။င် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် Rice Export Zone တွင် ပါဝင်စိုက်ပျိုးထုတ်လုပ်သွားမည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစုများ အချိန်မီရရှိရေးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများအပြင် သီးနှံများပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုမရှိစေရန် ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်းစနစ်များကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်။
အဆိုပါ Rice Export Zone ကိုမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံလယ်ယာစီးပွါးရေးအများပိုင်ကုမ္ပဏီလီမိတက်( MAPCO)နှင့် ဒေသခံတောင်သူတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ထိုအတွက် စိုက်ပျိုးရေကိုလည်း နေပြည်တော် ငလိုက်ဆည်မှ ပေးဝေနေကြောင်း သိရပါတယ်။



