ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို မတ်လ ၁ ရက် ညနေပိုင်းက စေတီတော်ရင်ပြင် ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ပင့်သံဃာတော် ၁၂၁ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၂၇ ပါးတို့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးပြည်သူများနှင့် အလှူရှင်များက စေတီတော်တစ်ပတ် လှည့်လည်ဆွမ်းခံကြွရောက်စဉ် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၌ (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကျင်းပ
Mar 03 • 4:34 AM
Myanmar
Yangon
Share
| 15 | 0 | 0 | 0 |


