back

တပေါင်းလပြည့်နေ့တွင် ကချင်ပြည်နယ်ရှိ ရွှေမဉ္ဇူရေလယ်ဘုရားကြီး၌ သံဃာတော်များနှင့် ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ ဖူးမြော်ကြည်ညို

Mar 03 • 4:32 AM

breaking-news

Myanmar

Kachin

cover

တပေါင်းလပြည့်နေ့တွင် ကချင်ပြည်နယ်ရှိ ရွှေမဉ္ဇူရေလယ်ဘုရားကြီး၌ သံဃာတော်များနှင့် ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ ဖူးမြော်ကြည်ညို

၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တပေါင်းလပြည့်နေ့တွင် မိုးညှင်းခရိုင်၊ ကချင်ပြည်နယ်ရှိ အထင်ကရ ရွှေမဉ္ဇူ (ရွှေမြင့်ဇူ) ရေလယ်စေတီတော်မြတ်ကြီးသို့ သံဃာတော်အရှင်သူမြတ်များနှ...

၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တပေါင်းလပြည့်နေ့တွင် မိုးညှင်းခရိုင်၊ ကချင်ပြည်နယ်ရှိ အထင်ကရ ရွှေမဉ္ဇူ (ရွှေမြင့်ဇူ) ရေလယ်စေတီတော်မြတ်ကြီးသို့ သံဃာတော်အရှင်သူမြတ်များနှင့် ဒေသခံဘုရားဖူးပြည်သူများ စက်လှေများဖြင့် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ စေတီတော်ရင်ပြင်ပေါ်တွင် သံဃာတော်များနှင့် ဘုရားဖူးများ စုပေါင်းဝတ်ပြုဆုတောင်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဖွယ်ပစ္စည်းများကို စနစ်တကျ လောင်းလှူပူဇော်ခဲ့ကြသည်။ အင်းတော်ကြီး ရေလယ်ဘုရားကြီး၏ ဘုန်းတော်ကြောင့် ဒေသကြီး အမြန်ဆုံးအေးချမ်းသာယာပြီး နောင်နှစ်များတွင် ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ပြန်လည်ဆုံတွေ့ခွင့်ရရှိရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။

news-view-count-icon

9