အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း လေကြောင်းပျံသန်းမှုများ ရပ်နားသွားရာတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကမ္ဘာ့အဆင့် ၁ ဟောင်း ရုရှားတင်းနစ်သမား ဒန်နီလ် မက်ဗီဒက်ဗ်အပါအဝင် တင်းနစ်သမားအချို့ ပိတ်မိနေကြောင်း သိရသည်။ မကြာသေးမီက Dubai Duty Free တင်းနစ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည့် မက်ဗီဒက်ဗ်သည် မိသားစုနှင့်အတူ ပိတ်မိနေသဖြင့် လာမည့်ဗုဒ္ဓဟူးနေ့တွင် အမေရိကန်၌ ကျင်းပမည့် BNP Paribas Open ပြိုင်ပွဲသို့ သွားရောက်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ မက်ဗီဒက်ဗ်အပြင် ဒတ်ခ်ျတင်းနစ်သမား ဂရီးစ်ပေါ်နှင့် ရုရှားတင်းနစ်သမား ရူဘလက်ဗ်တို့လည်း ဒူဘိုင်းမှ ထွက်ခွာနိုင်ခြင်းမရှိဘဲ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေရကြောင်း သိရသည်။
| 9 | 0 | 0 | 0 |


