back

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင်နှစ်ရှည်ချမှတ်ခံရသူ သုံးဦး လွတ်မြောက်

Mar 03 • 4:35 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းအပါအဝင်နှစ်ရှည်ချမှတ်ခံရသူ သုံးဦး လွတ်မြောက်

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် ရန်ကုန...

တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီး) မှ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး၊ မနွေးရတီတိုးတို့သည် (မတ်လ ၂ ရက်) တွင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းသားများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူများဖြစ်ပြီး၊ ယခုအခါ "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်" ဟူသော စည်းကမ်းချက်ဖြင့် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

news-view-count-icon

19