မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသက် ၃၂ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရားကို စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ လွန်ခဲ့သည့်တစ်နှစ်ခန့်က မက်ဂွိုင်းရားအား အသင်းသစ်ရှာဖွေရန်နှင့် သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့သော်လည်း၊ လက်ရှိတွင် ၎င်း၏ခြေစွမ်းပြန်လည်ကောင်းမွန်လာမှုကြောင့် အသင်းတာဝန်ရှိသူများက စိတ်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ လက်ရှိနည်းပြ မိုက်ကယ်ကာရစ်ကလည်း မက်ဂွိုင်းရားသည် အသင်းအတွက် အရေးပါသည့်ကစားသမားဖြစ်ကြောင်း အသိအမှတ်ပြုထားပြီး ၎င်းထံမှ အကောင်းဆုံးစွမ်းဆောင်ရည်များ ဆက်လက်ရရှိရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
| 16 | 0 | 0 | 0 |


