မန်ချက်စတာယူနိုက်တက်အသင်းသည် ယာယီနည်းပြအဖြစ် တာဝန်ယူထားသည့် မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ဘုတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ကာရစ်သည် အသင်းနှင့် (၃) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် အခွင့်အရေးနှင့်အတူ စုစုပေါင်းလစာ ပေါင် ၁၆ သန်း ရရှိမည်ဖြစ်သည်။ ၎င်းသည် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် (၇) ပွဲ ကိုင်တွယ်ခဲ့ရာတွင် (၆) ပွဲနိုင်၊ (၁) ပွဲသရေဖြင့် ရှုံးပွဲမရှိစွမ်းဆောင်ထားနိုင်သဖြင့် အသင်းကစားသမားများကလည်း ၎င်းကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် လိုလားနေကြကြောင်း သိရသည်။
Mar 03 • 4:28 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


