ထိုင်းနိုင်ငံ၊ နာခွန်ရတ်ချာစီမာမြို့၌ ကျင်းပခဲ့သည့် Thai Fight မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးသည် အိမ်ရှင်ထိုင်းဖိုက်တာ ဖုန်ပီတက်နှင့် ၅၉ ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ စောအေးစီးသည် ဒုတိယအချီတွင် ပြိုင်ဘက်ထိုင်းဖိုက်တာအား သိသိသာသာ အသာစီးရအောင် ထိုးသတ်နိုင်ခဲ့ပြီး ထိုင်းဖိုက်တာ၏ နှာခေါင်းမှ သွေးထွက်သည်အထိ ဖိအားပေးနိုင်ခဲ့သော်လည်း၊ တတိယအချီအပြီးတွင် ဒိုင်များက အိမ်ရှင်ဖိုက်တာကိုသာ အမှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၉ ဆိုင်း ပါဝင်ခဲ့ပြီး အဓိကခေါင်ပွဲအဖြစ် ထိုင်းနာမည်ကြီး ဆက်ဆမ်နှင့် တောင်ကိုရီးယားဖိုက်တာတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Mar 03 • 4:30 AM
Thailand
Local News
Share
| 8 | 0 | 0 | 0 |


