back

အီရန်စစ်ပွဲကြောင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း မြင့်တက်

Mar 03 • 4:24 AM

breaking-news

Myanmar

International

cover

အီရန်စစ်ပွဲကြောင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း မြင့်တက်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ဖြစ်ပွားလာပြီးနောက် တနင်္ဂနွေနေ့၌ ဘရန့်ရေနံစိမ်းဈေးနှုန်းသ...

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအသစ်ဖြစ်ပွားလာပြီးနောက် တနင်္ဂနွေနေ့၌ ဘရန့်ရေနံစိမ်းဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ တစ်စည်လျှင် ၈၀ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိသွားကြောင်း သိရသည်။ အဓိက ရေနံတင်ပို့ရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အသုံးမပြုရန် အီရန်က သတိပေးခဲ့ပြီးနောက် ကမ္ဘာ့ရေနံကုန်စည် ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းရာ အဆိုပါလမ်းကြောင်းတွင် တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့ရာ ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားကြသည်။ အိုပက်ပလပ်စ် (OPEC+) အဖွဲ့ကလည်း ဧပြီလမှစတင်၍ ရေနံထုတ်လုပ်မှု အနည်းငယ်တိုးမြှင့်ရန် သဘောတူညီခဲ့သော်လည်း ယင်းပမာဏသည် ကမ္ဘာ့ဝယ်လိုအားနှင့်ယှဉ်လျှင် အလွန်နည်းပါးနေသဖြင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဆက်လက်ရင်ဆိုင်ရနိုင်ကြောင်း သုံးသပ်ရသည်။

news-view-count-icon

17