မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေရှိ နေအိမ်တစ်လုံးတွင် မတ်လ ၂ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိပ်မောကျနေသည့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့သော အဆိုပါမီးကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သော်လည်း အိပ်ချိန်ဖြစ်၍ တံခါးများပိတ်ထားခြင်းနှင့် မီးရှိန်ပြင်းခြင်းတို့ကြောင့် သက်ကြီးရွယ်အိုများမှာ အချိန်မီအပြင်မထွက်နိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ လူမှုကူညီရေးအသင်းများက ထိခိုက်သေဆုံးသူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နွေရာသီမီးဘေးအန္တရာယ်ကို သတိပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။
Mar 03 • 3:39 AM
Myanmar
Mon
Share
| 10 | 0 | 0 | 0 |


