မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ဖြစ်သည့် (မတ်လ ၂ ရက်) ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ကမ္ဘာ့အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများဖြင့် အလွန်စည်ကားများပြားလျက်ရှိသည်။ စေတီတော်ရင်ပြင်ထက်တွင် ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နံ့သာတိုင်များ ထွန်းညှိပူဇော်သူများ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်နေကြသူများဖြင့် ကြည်နူးဖွယ်ရာ မြင်တွေ့ရပြီး ရန်ကုန်မြို့ခံများသာမက နယ်ဝေးမှ ဘုရားဖူးဧည့်သည်များပါ တစ်ခဲနက် လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
Mar 03 • 3:38 AM
Myanmar
Yangon
Share
| 14 | 0 | 0 | 0 |


