နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှတစ်ဆင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် အပူပျံတက်တိမ်များမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။
Mar 03 • 3:36 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


