မွန်ပြည်နယ်၊ သထုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီးတွင် (မတ်လ ၂ ရက်) ကျရောက်သော တပေါင်းလပြည့်နေ့နှင့် (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပအိုဝ်းတိုင်းရင်းသားများက စုပေါင်းဆွမ်းတော်ကြီး ကပ်လှူပူဇော်ခဲ့ကြသည်။ သထုံမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ပအိုဝ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများဖြင့် လှူဖွယ်ပစ္စည်းများကို စီတန်းလှည့်လည်ကာ စေတီတော်ရင်ပြင်ထက်၌ ဆွမ်းတော်ကြီး ကပ်လှူခဲ့ကြပြီး ရရှိသမျှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
Mar 03 • 3:41 AM
Myanmar
Mon
Share
| 22 | 0 | 0 | 0 |


