ဧရာ၀တီတိုင်းအတွင်းမှာ ရေတပ်က ပင်လယ်ပြင်ငါးထွက်ဖမ်းခွင့် ကန့်သတ်ထားတာကြောင့် ငါး ခြောက် အထွက်ကျပြီး စျေးလည်း အနည်းငယ် တက်လာခဲ့ပါတယ်။“တပိဿာက သုံး၊ လေးထောင် စျေးတက်သွားတယ်။ ငါးတွေ အရနည်းကြလို့ တက်တာ။ ငါးထွက်ဖမ်းတဲ့သူ တွေက ကမ်းဝေးတွေ သိပ်မထွက်ကြရဘူး ပြောတယ်။ တပ်က တားလို့တဲ့။ စျေးကွက်ထဲမှာလည်း ငါးခြောက် လည်း နည်းသွားတာ။ အဲဒါကြောင့် စျေးတက်တာပါ” လို့ ပုသိမ်မြို့မှ ငါးခြောက်အရောင်းအဝယ်လုပ်နေတဲ့အ မျိုးသမီးတဦးက ပြောပါတယ်။လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း ငနီတူခြောက်တပိဿာကို ကျပ်သုံးသောင်းဝန်းကျင်၊ ငါးခင်းပါးခြောက်တ ပိဿာ ကို ၄၂,၀၀၀ ဝန်းကျင်၊ ငါးနီတူ( ခေါင်းချိုးပြီးသား)တပိဿာကို လေးသောင်းခွဲဝန်းကျင်၊ ငါးဂုံးခြောက်တပိဿာကို ၄၂,၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ သိရပါတယ်။



