back

အမ်ဘာပေရဲ့ဒူးဒဏ်ရာ ခွဲစိတ်ကုသဖို့ မလိုအပ်

Mar 03 • 2:50 AM

breaking-news

Myanmar

International

cover

အမ်ဘာပေရဲ့ဒူးဒဏ်ရာ ခွဲစိတ်ကုသဖို့ မလိုအပ်

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေရဲ့ဒူးဒဏ်ရာဟာ ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။အမ်ဘာပေ(၂၇ နှစ်)ဟာ ၂၀၂၅ ခုနှစ်ကုန်ကတည်းက ဘယ်ဘက်ဒူးဒဏ်ရာ ခံစားနေရတာဖြစ်တယ်...

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေရဲ့ဒူးဒဏ်ရာဟာ ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။အမ်ဘာပေ(၂၇ နှစ်)ဟာ ၂၀၂၅ ခုနှစ်ကုန်ကတည်းက ဘယ်ဘက်ဒူးဒဏ်ရာ ခံစားနေရတာဖြစ်တယ်။၎င်းဟာ ပါရီကို သွားရောက်ကာ ဒူးဒဏ်ရာနဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူခဲ့ပါတယ်။ဒါကြောင့် ဘင်ဖီကာအသင်းနဲ့ကစားတဲ့ ချန်ပီယံလိဂ် play-off ဒုတိယအကျော့ပွဲ၊ ဂီတာဖေးနဲ့ လာလီဂါအိမ်ကွင်းပွဲတွေကို လွဲချော်ခဲ့ရပါတယ်။အမ်ဘာပေအနေနဲ့ လာမယ့်အပတ် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာလည်း ပါဝင်ကစားဖို့ မသေချာပါဘူး။အမ်ဘာပေရဲ့ကိုယ်စားလှယ်တွေက ကစားသမားဟာ ပါရီမှာ ရီးယဲလ်ဆေးအဖွဲ့ဝင်တွေနဲ့ အတူရှိနေတယ်လို့ ပြောခဲ့ပါတယ်။

news-view-count-icon

15