ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့အရှေ့ဖက်ခြမ်း ကလေခိုကျေးရွာအုပ်စု ၊သောက်ရေခပ်ကျေးရွာမှာ ကလေးသူငယ်တွေအတွက် ၃ရက် တာသင်တန်းဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီသင်တန်းမှာ တောင်ငူသာသနာ သောက်ရေခပ်တိုက်နယ်အတွင်း ကျေးရွာ ၉ ရွာမှာရှိတဲ့ ကလေးသူငယ်တွေကိုဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ ကလေးသူငယ်တွေတွက် အနာဂါတ် လိမ္မာရေခြားရှိစေဖို့ ၊ လူမှုယဉ်ကျေးမှုနဲ့ ဘာသာသာသနာအတွက် လိုအပ်တဲ့အချက်တွေကို သွန်သင်ဆုံးမပေးခဲ့ပြီး အဖွဲ့လိုက်ပန်းချီပြိုင်ပွဲ၊ သီချင်းပြိုင်ပွဲ စတာတွေကိုလည်း ကျင်းပပေးခဲ့တယ်လို့လည်းသိရပါတယ်။
Mar 03 • 2:46 AM
Myanmar
Kayin
Share
| 13 | 0 | 0 | 0 |


