ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ပြင်ရွာအခြေခံပညာအထက်တန်းကျောင်း၊ မြရေအေးခန်းမ၌ Grade-12သင်ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲများကိုလည်း တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများဖြင့် ပြုလုပ်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့် ဘာသာရပ်များအလိုက် ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအကြို စာမေးပွဲများကိုလည်း ဖြေဆိုပြီးဖြစ်၍ ကျောင်းသားကျောင်းသူများ၏ အားနည်းချက် အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန်လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။



