back

အီရန်‌ေခါင်းဆာင်‌ေဟာင်းခါမေနီနေရာကို ဆက်ခံမည့် ခေါင်းဆောင်သစ်ရက်ပိုင်းအတွင်း အီရန် ရွေးချယ်ဖွယ်ရှိ

Mar 03 • 1:53 AM

breaking-news

Myanmar

International

cover

အီရန်‌ေခါင်းဆာင်‌ေဟာင်းခါမေနီနေရာကို ဆက်ခံမည့် ခေါင်းဆောင်သစ်ရက်ပိုင်းအတွင်း အီရန် ရွေးချယ်ဖွယ်ရှိ

လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတော်၏ အထွတ်အထိပ်ခေါင်းဆောင်သစ်ကို ရွေးချယ်နိုင် ဖွယ်ရှိကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက အယ်လ်ဂျာဇီးယား သတင်းဌာနသို...

လာမည့်ရက်ပိုင်းအတွင်း နိုင်ငံတော်၏ အထွတ်အထိပ်ခေါင်းဆောင်သစ်ကို ရွေးချယ်နိုင် ဖွယ်ရှိကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက အယ်လ်ဂျာဇီးယား သတင်းဌာနသို့ မတ် ၁ ရက်တွင်ထုတ်ဖော်ပြောကြားထားသည်။အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက်စစ်ရေးတိုက်ခိုက်မှု များကြောင့် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရပြီး နောက်ဘာသာရေးခေါင်းဆောင်သစ်ရွေးချယ်ရန် အီရန်နိုင်ငံက စီစဉ်ထားခြင်းဖြစ် သည်။လက်ရှိအချိန်တွင် အယာတိုလာအလီခါမေနီ၏ နေရာတွင်အစားထိုးတာဝန်ယူမည့် ခေါင်း ဆောင်သစ်ကို ရွေးချယ်ရေးအတွက်အသွင်ကူးပြောင်းရေး ကောင်စီဖွဲ့စည်းထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။ယင်းအသွင်ကူးပြောင်းရေးကောင်စီအနေဖြင့် လာမည့်ရက်ပိုင်းအတွင်းမှာပင် အယာတိုလာ အလီခါနီနေရာကို ဆက်ခံမည့် ခေါင်းဆောင်သစ်အား စတင်ရွေးချယ်နိုင်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။အယာတိုလာအလီခါနီ၏နေရာတွင်ဆက်ဆံမည့် ခေါင်းဆောင်သစ်ကို ရွေးချယ်ရေးအတွက် လုပ်ငန်းစဉ်တစ်ရပ်ကို အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ အဖွဲ့ဝင် ၈၈ဦးအထိ ပါဝင်သော ရှီးယိုက်စ်ဘာသာ ရေးညီလာခံတစ်ခုက အယာတိုလာအလီခါနီ၏ နေရာကို ဆက်ခံရမည့်ခေါင်းဆောင်သစ်ကို ရွေးချယ်ပေးရမည်ဖြစ်သည်။

news-view-count-icon

11