တပေါင်းလအတွင်းပြုလုပ်လေ့ရှိသော နတ်ပွဲများမှာ အခြေအနေအရ သက်ဆိုင်ရာနတ်နန်းများအထိ ထီးရောက်နန်းရောက် သွားရောက်ကာ ပူဇော်ပသနိုင်မှုနည်းပါးလျက်ရှိကြောင်း နတ်ကိုးကွယ်သူများထံမှ သိရသည်။နယ်မြေအခြေအနေမတည်ငြိမ်မှုများကြောင့် မုံရွာ၊ မြင်းမူ၊ ရွှေဘို၊ မတ္တရာနှင့်ယောနယ်များရှိ သက်ဆိုင်ရာနတ်ပွဲများသို့ သွားရောက်ပူဇော်ရန် အခက်အခဲများရှိနေကြခြင်းဖြစ်သည်။"မုံရွာက အလုံပွဲတို့၊ ဒီဖက်က လယ်ကြီးပွဲတို့တောင်သွားဖို့ သိပ်မလွယ်တော့ဘူး။ ယော၊ ဆောနယ်က အနောက်အမေကြီးပွဲတို့၊ ရွှေဘိုကဇီးတောပွဲတို့ ဆိုရင် ပိုဆိုးသွားပြီ။ ထီးရောက်နန်းရောက်ပွဲမအပ်နိုင်ကြတော့ဘူး။ အိမ်တွေနေပဲအရိုအသေပွဲတွေ ပေးကြတာများတယ်"ဟု မုံရွာမြို့ခံ နတ်ကိုးကွယ်သူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း၌ နတ်ပွဲရာသီကာလ ထီးရောက်နန်းရောက်သွားရောက်ပူဇော်နိုင်မှုနည်းပါးကာ နေအိမ်များ၌သာ ရိုးရာမပျက်ပူဇော်လာ
Mar 03 • 1:48 AM
Myanmar
Sagaing
Share
| 9 | 0 | 0 | 0 |


