back

မန္တလေးတိုင်းမှ ပြစ်ဒဏ်ကျခံနေရသူ သုံးထောင်ကျော် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

Mar 03 • 1:59 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းမှ ပြစ်ဒဏ်ကျခံနေရသူ သုံးထောင်ကျော် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏ လွတ်ငြိမ်းခွင့်ကြောင့် မန္တလေးတိုင်းမှ ပြစ်ဒဏ်ကျခံနေရသူ သုံးထောင်ကျော် လွတ်မြောက်ခဲ့ကြောင်း သိရသည်။အကြမ်းဖက်မှ...

ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်၏ လွတ်ငြိမ်းခွင့်ကြောင့် မန္တလေးတိုင်းမှ ပြစ်ဒဏ်ကျခံနေရသူ သုံးထောင်ကျော် လွတ်မြောက်ခဲ့ကြောင်း သိရသည်။အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂(က) အရ ပြစ်ဒဏ်ကျခံနေသူများကို မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။မန္တလေးတိုင်းတွင် အိုးဘို၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ မိတ္ထိလာ ထောင်များမှ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ၎င်းတို့အား တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ် (၂)ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အထိမ်းအမှတ်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

news-view-count-icon

42