ကယား(ကရင်နီ)ပြည် ၊ လွိုင်ကော်မြို့မှာ လွိုင်ကော်တက္ကသိုလ်ရဲ့ (၁၇) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့ပြီး လွိုင်ကော်တက္ကသိုလ် နေ့ကျောင်း နဲ့ အဝေးသင် ကျောင်းသား စုစုပေါင်း (၅၀၈) ဦးကို ဘွဲ့လက်မှတ်အပ်နှင်းခဲ့တယ်လို့ ပြည်နယ်ပြန်/ဆက် ရဲ့ အချက်အလက်အရ သိရပါတယ်။ဘွဲ့နှင်းသဘင်အခမ်းအနားကို နှစ်ရက်ပြုလုပ်ခဲ့ကာ ပထမရက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ နေ့ကျောင်း ( Day ) က မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၁)ဦး၊ မဟာသိပ္ပံဘွဲ့ရရှိသူ (၆)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၃)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၈)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၂၁)ဦး၊ အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားကြတဲ့ မဟာသိပ္ပံဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိသူ (၁)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၂)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၁၄)ဦး စုစုပေါင်း(၆၀)ဦးတို့ကို ဘွဲ့ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။အလားတူ မတ်လ ၁ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ် (အဝေးသင်သင်တန်း) က ကျောင်းသား (၄၄၈) ဦးကို ဘွဲ့အပ်နှင်းခဲ့တယ်လို့ ဆိုပါတယ်။
Mar 03 • 1:37 AM
Myanmar
Kayah
Share
| 14 | 0 | 0 | 0 |


