back

ဧရာဝတီတိုင်းအကျဉ်းထောင်များမှ လွတ်/ငြိမ်းနဲ့ လွတ်မြောက်လာသူ ၂၆၀ ဦးထိရှိ

Mar 03 • 1:38 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းအကျဉ်းထောင်များမှ လွတ်/ငြိမ်းနဲ့ လွတ်မြောက်လာသူ ၂၆၀ ဦးထိရှိ

ဧရာဝတီတိုင်းက ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ ထောင်တွေကနေ လွတ်/ငြိမ်းသက်သာနဲ့ ယမန်နေ့ ညနေ ၆ နာရီထိ လွတ်မြောက်လာသူတွေဟာ ၂၆၀ ဦးရှိပါတယ်။စာရင်းပြုစုထား...

ဧရာဝတီတိုင်းက ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ ထောင်တွေကနေ လွတ်/ငြိမ်းသက်သာနဲ့ ယမန်နေ့ ညနေ ၆ နာရီထိ လွတ်မြောက်လာသူတွေဟာ ၂၆၀ ဦးရှိပါတယ်။စာရင်းပြုစုထားတဲ့ စာရင်းတွေ အရ ပုသိမ်ထောင်က ၈၀ ဦး၊ ဟင်္သာတထောင်က ၁၂၀ ဦး၊ မအူပင်ထောင်က ၄၆ ဦး၊ မြောင်းမြထောင်က ၈ ဦး နဲ့ ဖျာပုံထောင်က ၆ ဦး လက်ရှိလွတ်မြောက်လာခဲ့တာပါ။မနေ့ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇,၃၃၇ ဦးလွတ်ငြိမ်းသက်သာ ခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂,၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်းနဲ့ အမှုအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအကျဉ်းသူ ၂၈၂၅ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့ကိုလည်း ခံဝန်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီကနေ့ နံနက်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ယခု ညနေ ၆ နာရီထိ အကျဉ်းထောင် အသီးသီးကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁,၉၀၀ နီးပါးသာလွတ်မြောက်လာပါသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

news-view-count-icon

12